ငွေနဲ့ပတ်သတ်ပြီး သစ္စာရှိပါ။
သူတစ်ပါးဆီက တစ်ကျပ်ယူထားရင်
တစ်ကျပ်ပြန်ပေးပါ။
အများကြီး ယူထားပြီး
အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင်
နဲနဲချင်း ခွဲဆပ်ပါ။
ကိုယ်ယူထားတာ
ပေးရမယ့် အချိန်ရောက်ရင်
တောင်းစရာ မလိုပဲပေးပါ ။
အဆင်မပြေဘူးဆိုတဲ့
အကြောင်းပြချက်
ခဏ...ခဏ.....မပြောမိစေနဲ့။
ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ
အကြောင်းရှိပါတယ်...
အရမ်းလဲလေးနက်မှုရှိပါတယ်...
ကိုယ်ယူထားတဲ့ငွေဟာ
သူတစ်ပါး အနေနဲ့
သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။
သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့
ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။
သင် သူတစ်ပါးဆီက
ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့
ရှာထားတာလဲဖြစ်နိုင်ပါတယ်။
မအိပ်မနေ ညဥ့်နက်သန်းခေါင်အထိ
ရှာဖွေထားတာလဲ ဖြစ်နိုင်တယ်။
သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ပဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ်။
အဲဒီယုံကြည်မှုကို ဘယ်တော့မှ
လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။
ကိုယ်ပိုက်ဆံချေးထားတဲ့သူက
ချမ်းသာနေလို့ အဆင်ပြေနေလို့
ပြန်မပေးပဲနေလို့ မရပါဘူး ။
သူချမ်းသာတာက
သူ့ကြိုးစားမှုနဲ့ သူ့အပိုင်း...
ကိုယ်ယူထားတာက ကိုယ့်အပိုင်းပါ။
ပိုင်ရှင်မတောင်းသေးလို့ မပေးသေးဘူးဆိုပြီး
မနေပါနဲ့ ။ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါ ။
ယခုဘဝအကြွေးက နောင်ဘဝအတွက် ဝဋ်ကြွေးဖြစ်သွားလိမ့်မယ်။
ငွေအပေါ်သစ္စာရှိဖို့ လိုပါတယ်...
ငွေအပေါ်သစ္စာရှိမှ ငွေကလဲ
ကိုယ့်အပေါ်သစ္စာရှိမှာပါ။
သူများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့
နေ့ကစ၍ သင်ဘာလုပ်လုပ်
အဆင်မပြေတော့ဘူးဆိုတာ
သိထားလိုက်ပါ ။
သူတစ်ပါးငွေကြေး ပစ္စည်းဥစ္စာကို
ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ
ယခုဘဝရော နောင်ဘဝအထိပါ
ပြောင်ပြောင်ရောင်ရောင် မရှိ
ဆင်းရဲနေမှာပဲ........
credit
No comments:
Post a Comment